“ ဒီဘလော့လေးကို အစမ်းသဘောလေးသာ ပြုလုပ်ထားခြင်းဖြစ်ပါသည်... မျက်စိလည်လမ်းမှားပြီး ရောက်လာကြတဲ့ အွန်လိုင်းပေါ်မှ ညီအကို မောင်နှမများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ....

Friday, June 28, 2013

လောကနီတိ- ၁၉


  • အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
  • ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
  • မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။ 
  •  ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။
  • A family man who is lazy is not good.
  • A monk who does not control thought, world and deed in unvirtuous.
  • An authority who acts wantonly is not good.
  • A sage, given anger is not good.

အကြင်အရပ်၌-
  • နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့။
  • နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့။
  • နှိမ့်ချသူမရှိ၊ အကြီးအမြတ် ဖြစ်လိုကြသူများသာဖြစ်အံ့။
  • ထိုသူတို့ လုပ်သမျှ ကိစ္စအ၀၀ သည် ပျက်စီးရတတ်၏။

A place,
  • Where there are no followers but all are leaders.
  • Who want to act wise with no listener,
  • To be great with no one humble is bound to see the ruin of whatever is done.

မင်းအစိုးရမည်သည် -
  • တိုင်းပြည်၏ အခွန်အတုတ်ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏.
  • အမှုထမ်းများ တာဝန်ကျေအောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင်ပြုရာ၏။
  • နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှောက်စားထိုက်သူများကို ချီးမြှောက်စားရာ၏။

Government must be directly in the know-
  • If revenue is received or not and if seeds and food supplies are sufficient or not.
  • If those in service are dutiful or not.
  • If those on whom action must be taken is taken and those worthy of reward are reward.




လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သား ဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)

ရာဇာထွေး
read more

Tuesday, June 25, 2013

စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ(စိတ်အားဖြည့်ဓမ္မနှင်းပွင့်)
















၁။ စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ

အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့ လူသားတွေအနေနဲ့

ရုပ်ဝတ္ထုပစ္စည်းဘက်မှာ မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင်

ကြိုးစားနေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း

မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ပါတယ်။

တကယ်ဆို….

ရုပ်မော်ဒယ်လ်သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့က

ပိုပြီးတောင် အရေးကြီးပါသေးတယ်။




၂။ ကျင့်စဉ်မှန်ဖို့ အဓိက

ရဟန္တာဆီ တပည့်ခံအားထုတ်မှ ရဟန္တာဖြစ်မှာ မဟုတ်ပါဘူး။

ပုထုဇဉ်ဆီ တပည့်ခံအားထုတ်ရင်လည်း ဘုရားဟောကျင့်စဉ်နဲ့

ကိုက်ညီရင် ရဟန္တာဖြစ်နိုင်ပါတယ်။

ရဟန္တာလို့ နာမည်ကြီးပေမယ့် သူညွှန်ကြားတဲ့ကျင့်စဉ်တွေက ဘုရားဟော

ထေရဝါဒကျင့်စဉ်တွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင်တော့

“ဆရာမှားရင် တစ်သံသရာလုံးမှောက်” ဆိုတဲ့ စကားအတိုင်း

အကြီးအကျယ် ကိုယ်ကျိုးနည်းကြပါလိမ့်မယ်။




၃။ နိဗ္ဗာန်ဦးတည်မှ ပါရမီကုသိုလ်

ဂုဏ်လိုချင်လို့ ထင်ပေါ်ကျော်ကြားချင်လို့ ပြုတဲ့

ကုသိုလ်ကောင်းမှုတွေ အခွင့်အရေးတစ်ခုခု။

လုပ်ပိုင်ခွင့်တစ်ခုခု ရချင်လို့ အပေးအယူသဘောမျိုး

လာဘ်ထိုးတဲ့သဘောမျိုး ပြုတဲ့ ကုသိုလ်ကောင်းမှုတွေ

နောင်ဘဝတွေမှာ ချမ်းသာကောင်းစားချင်လို့ ပြုတဲ့

ကုသိုလ် ကောင်းမှု တွေဟာ ပါရမီကုသိုလ်တွေမဟုတ်ပါဘူး။

ရိုးရိုးကုသိုလ်တွေ၊ သာမန်ကုသိုလ်တွေပါ။

နိဗ္ဗာန်ကို လုံးဝမရောက်နိုင်ပါဘူး။

နိဗ္ဗာန်ကို ဦးတည်တဲ့စိတ် ရင့်သန်ခိုင်မာပြီးသား ပုဂ္ဂိုလ်တချို့ရဲ့

နောင်ဘဝမျှော် ကုသိုလ်တချို့ကလွဲရင်ပေါ့။




၎။ ပါရမီပြည့်ဖို့လိုပါတယ်

တရားတော့အားထုတ်နေပါရဲ့၊ အပူဒဏ် အအေးဒဏ်လည်း သည်းမခံနိုင်၊

အစားဆင်းရဲ အအိပ်ဆင်းရဲဒဏ်လည်း သည်းမခံနိုင်

ဟိုလူ အပြစ်ပြော ဒီလူကဲ့ရဲ့ဒဏ်ကိုလည်းသည်းမခံနိုင်၊

ဟိုလူနဲ့ တရားငြင်းခုံလိုက်၊ ဒီလူနဲ့ တရားရန်ဖြစ်လိုက် ဖြစ်နေမယ်ဆိုရင်

“အမျက်မထွက်ခြင်း”ဆိုတဲ့ “ခန္တီပါရမီ”ချို့တဲ့နေတဲ့အတွက်

ဘယ်တော့မှ တရားထူးမရနိုင်ပါဘူး။

ဒါဆိုရင် ဝိပဿနာအလုပ်ကို အားထုတ်နေရင်းနဲ့ ခန္တီပါရမီကိုလည်း

ပူးတွဲဖြည့်ကျင့်သွားရမယ်ဆိုတာသဘောပေါက်လောက်ပါပြီ။

အတိတ်ဘဝတွေက ခန္တီပါရမီ ဖြည့်ကျင့်ခဲ့မှလည်း ဒီဘဝမှာ ခန္တီစွမ်းအား ကြီးမားနိုင်တာပါ။

တခြားပါရမီတွေလည်းနည်းတူပါပဲ။ သာဝကဗောဓိဥာဏ်ဆိုတဲ့ တရားထူးရဖို့အတွက်

အတိတ်ဘဝတွေကလည်း ပါရမီဖြည့်ခဲ့ဖို့ လိုသလို ဒီဘဝမှာလည်း ပါရမီဖြည့်နေဖို့ လိုပါတယ်။




၅။ ကိလေသာနည်းလေ မော်ဒယ်လ်သစ်လေ

မနေ့က ကိုယ့်စိတ်မှာ လောဘတစ်ပိဿာရှိတယ်။

ဒီနေ့လည်း တစ်ပိဿာပဲဆိုရင် ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းနေပါတယ်။

ဒီနေ့ တစ်ဆယ်သားထပ်တိုပြီး တစ်ပိဿာနဲ့ တစ်ဆယ်သား ဖြစ်လာတယ်ဆိုရင်တော့

ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းရုံတင်မကဘူး မော်ဒယ်လ်နိမ့်သွားပါပြီ။

မော်ဒယ်လ်အရမ်းအောက်သွားပါပြီ။

ဒီနေ့တစ်ဆယ်သားလျော့သွားပြီး ကိုယ်ဆယ်သားပဲ ကျန်တော့တယ်ဆိုရင်တော့

မော်ဒယ်လ်သစ်သွားပါပြီ။

မော်ဒယ်လ်မြင့်သွားပါပြီ။

လောဘလျော့လေ မော်ဒယ်လ်သစ်လေပါပဲ။




ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။
 
 
ရာဇာထွေး



read more

Friday, June 21, 2013

လောကနီတိ - ၁၈



  • ဥစ္စာမရှိဘဲ အစားမကြူးရာ။
  • ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
  • ပညာမရှိဘဲ စကားများစွာ မဆိုရာ။
  •  Without wealth, be not excessive in eating.
  • Without strength, love not fighting.
  • Without learning, speak not too much.

  • မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
  • သူမမေးဘဲ များစွာ မပြောရာ။
  • မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)
  •  Don't visit another's house frequently without being invited.
  • Don't talk too much without being asked.
  • Don't extol and boast of oneself.
  • (Don't blow one's own trumpet.)

  • ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
  • ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။
  •  A half-empty vessel makes more sound.
  • A person not fully educated tends to show off.

  • သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
  • မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
  • ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။
  •  The ocean is not contented in receiving water.
  • The eye is not contented in seeing the beloved.
  • The wise is not contented in good speech.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သားဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)


ရာဇာထွေး
read more

Tuesday, June 18, 2013

အတင်းပြောတာ အကုသိုလ်အလုပ်(စိတ်အားဖြည့် ဓမ္မနှင်းပွင့်)
















၁။ ကိုယ်ကျင့်တရားသည် အရေးကြီးဆုံး လူသိက္ခာ

လူတစ်ယောက်ဟာ ပင်ကိုယ်ရုပ်အဆင်း ဘယ်လောက်ချောချော

ကိုယ်ကျင့်တရားမကောင်းရင် လုံးဝကျက်သရေမရှိပါဘူး။

ပင်ကိုယ်ရုပ် မလှပေမယ့် ကိုယ်ကျင့်တရားကောင်းရင် ကျက်သရေရှိပါတယ်။

လူတစ်ယောက်ရဲ့ ဂုဏ်သတင်းပျံ့မွှေးမှုကို ရေရှည်တည်တံ့အောင်

ထိန်းသိမ်းထားနိုင်တာ ကိုယ်ကျင့်တရားရနံ့ တစ်ခုပဲရှိပါတယ်။

ကိုယ်ကျင့်တရား ခိုင်မြဲနေသမျှ ဂုဏ်သိက္ခာအားလုံး ခိုင်မြဲနေဦးမှာပါပဲ။

ကိုယ်ကျင့်တရား ပျက်စီးရင်တော့ ရှိသမျှဂုဏ်အားလုံး ပျက်စီးသွားပါပြီ။



၂။ အတင်းပြောတာ အကုသိုလ်အလုပ်

အတင်းပြောတာ ဝါသနာပါတဲ့သူတွေက

“သူများပါးစပ် ငှားပြောတာ မဟုတ်ဘူး ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘာဖြစ်လဲ…!

ဟုတ်လို့ဟုတ်တယ်ပြောတာ မှန်လို့မှန်တယ်ပြောတာ ဘာဖြစ်လဲ…လို့”

နှုတ်သီးကောင်းလျှာပါးနဲ့ ရန်စကားပြောတတ်ကြပါတယ်။

ဟုတ်ကဲ့……ဘာမှမဖြစ်ပါဘူး။ အကုသိုလ်ဖြစ်ရုံနဲ့ ငရဲကျရုံလောက်ပါပဲ။

ဘာလို့လဲဆိုတော့ အတင်းပြောတယ်ဆိုတာ ဝစီဒုစရိုက်အမှု ကျူးလွန်နေတာမို့ပါ။



၃။ ယုံကြည်ချက်ရှိမှ ဘဝတောက်ပမယ်

ယုံကြည်မှု သဒ္ဓါတရားဟာ စိတ်ကို ကြည်လင်စေရုံသာမက နှလုံးသားကိုလည်း တောက်ပစေပါတယ်။

သဒ္ဓါတရားပိုင်ရှင်ရဲ့ နှလုံးသွေးဟာ ရွှေဝါရောင်တောက်ပနေတာမို့ သဒ္ဓါတရားထင်ရှားနေတဲ့အခိုက်

အဲဒီလူရဲ့ မျက်နှာတစ်ခုလုံးဝင်းလက်တောက်ပနေပါတယ်။

ကုသိုလ်အလုပ်တစ်ခုခုကို စိတ်ပါလက်ပါအာရုံစိုက်ပြီး လုပ်နေချိန်မှာ သဒ္ဓါတရားသိပ်ထင်ရှားနေတဲ့အတွက်

အဲဒီအချိန်မှာ ရုပ်အဆင်း ဝင်းလက်တောက်ပမှုလည်း အရမ်းကိုသိသာပေါ်လွင်နေပါတယ်။

သဒ္ဓါတရားအားကောင်းလေ ရုပ်အဆင်းရော ဘဝအခြေအနေပါ တိုးတက်တောက်ပလေပါပဲ။



၎။ တရားအလှူသာ အမြတ်ဆုံး

ဘုရား ပစ္စေကဗုဒ္ဓါကလွဲရင် တရားအလှူမရှိဘဲ တရားထူးရတဲ့သူ

တရားအလှူမပါဘဲ သံသရာလွတ်မြောက်တဲ့သူ

ရှေးကလည်းမရှိခဲ့၊ အခုလည်းမရှိ၊ နောင်လည်း ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။

တရားထူးရရေး သံသရာလွတ်မြောက်ရေးမှာ တရားအလှူဟာ မပါမဖြစ် မရှိမဖြစ်တဲ့အတွက်

တရားအလှူ ဓမ္မဒါနဟာ အနှိုင်းမဲ့ အလှူ ဖြစ်ရပါတယ်။



၅။ တရားအလှူသူဟာ မသေဆေးတိုက်ကျွေးတဲ့သူပါ

ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်း အလှူပါ။

သူတစ်ပါးကို တရားပေးလှူရင် သူတစ်ပါးကို မသေခြင်း ပေးလှူရာရောက်ပါတယ်။

မသေဓာတ် ပေးအပ်ရာရောက်ပါတယ်။

သူတစ်ပါးကို မသေအောင် လုပ်ပေးရတဲ့ အလုပ်လောက်

ကောင်းတဲ့အလုပ်မျိုး လောကမှာ ရှိပါဦးမလား။

လုံးဝ(လုံးဝ) ကို မရှိနိုင်တော့ပါဘူး။





ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။


ရာဇာထွေး
read more

Saturday, June 15, 2013

ဘ၀ဆိုတာ




ဘဝတာတိုတိုမှာ
ရသာချိုချိုလေးတွေ
ရှာဖွေခံစား
အသိတရားနဲ့ နေ
အသေဖြောင့်ပါစေ။ 

ရှင်သန်ခြင်းဆိုတာ ဘဝ
ဘဝဆိုတာ မျှော်လင့်ခြင်း
အသက်ရှင်ခြင်းရဲ့ အဓိပ္ပာယ်
ကြိုတင် သိပါလေ။ 

ပေါက်မဲ မပါတဲ့
ဗလာအိပ်မက်ဟာ
ဘဝ မဟုတ်ပါ။
ဝဆိုတာ
သေချာရေရာတဲ့ နေရာ။ 

ဘဝဆိုတာ ဘာမျှမဟုတ်
ရုန်းကန်ကြိုးစားပြီး
သေခြင်းတရားဆီ
သွားနေကြတာပဲ မဟုတ်ပါလား။ 

ဝဆိုတာ ပျော်စရာ
မတော်တာ လုပ်ဖို့ မဟုတ်ပါ။
အလုပ်လုပ်ရင်း ပျော်ရွှင်
ပျော်ရွှင်ရင်း အလုပ်လုပ်ဖို့ နေရာ။ 

ငိုခြင်းနှင့် ရယ်ခြင်းပေါင်းစပ်
အလွမ်းအသော ဇာတ်တွေကို
မရပ်မနား ကပြနေကြရတာ
လူ့ဘဝဆိုတဲ့ ဒီနေရာ။ 

အငိုနှင့် စ
အငိုနှင့် ဆုံးပြီး
လုံးပါးပါး သွားကြရတာ
အဲ့ဒါ ဘဝပါ။ 

ဘဝဆိုတာ
ကဗျာတစ်ပုဒ်ဆိုရင်
လိုချင်နှစ်သက်စရာ
ကဗျာတစ်ပုဒ်ပဲ ဖြစ်ပါစေ။ 

အချိန်ဆိုတာ ဘဝ
ဘဝဆိုတာ အချိန်ဆိုရင်
ကိုယ့်ကိုကိုယ် မလိမ်နဲ့
အချိန်ကို လေးစား
တန်ဖိုးထားတတ်ပါစေ။  




၂၀၁၁ခုနှစ်လောက်တုန်းက ning ဆိုက်တွေမှာရေးပြီးတင်ခဲ့ဘူးတဲ့ “ကဗျာ မဟုတ်တဲ့ ကဗျာ” အဟောင်းလေးတွေပါ။ ဘလော့ မှာသိမ်းထားချင်တာကြောင့် ပြန်တင်ထားတာပါ။ အချိန်ပေးပြီးဖတ်ပေးသွားတဲ့ သူငယ်ချင်းညီအကို မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ။ 





ရာဇာထွေး
  
read more

Thursday, June 13, 2013

အချစ်စစ်



အပြစ်တင် အပြစ်မြင်လျှင်
အချစ်စစ် မထင် ။
အပြစ်မမြင် အပြစ်မတင်မှ
ချစ်ခင် ကြင်နာသူ အစစ်
အဲဒါ အချစ် ။

အခက်အခဲမရှိတဲ့ အချစ်
အစစ် မဟုတ်သေး ။
ဒုက္ခလေးတွေ တန်းစီ
ကြုံတွေ့ပြီဆိုတော့မှ
ဟုတ်ပ ဟုတ်ပ ဒုက္ခ အချစ် ။

အချစ်စစ်ဆိုတာ
မနာလိုဝန်တို
ငြိုငြင် စိတ်ကောက် ပေါ့
ချော့တော့လည်း စိတ်ပြေသွား 
ပျော်စရာလေးတွေ များလား ။ 

မချစ်ခင်က ခင်မင်
ခင်မင်ပြီးမှ ရင်းနှီး
ရင်းနှီးပြီး ကြွမ်းချစ်
သံယောဇဉ် ဖြစ်မှတော့
ခင်မင်မှုဆိုတာ မလိုတော့ဘူးပေါ့ ။

ယုံကြည်အားကိုးမှု့ နည်းလျှင်
အချစ်လည်း ပျောက်ပျက်
မျှော်လင့်ချက်လည်း ဆုံးရှုံး
အမုန်းတံခါးခေါက်လို့
နောက်တစ်ယောက် အဆင်သင့် ။ 

တံခါးမကြီးက ၀င်လာတဲ့အချစ်
အပြစ်တွေ မြင်လာတဲ့အခါ
အကြင်နာတွေ ပျက်ပြယ်
မုန်းတယ် မုန်းတယ်ဖြစ်
မလွယ်ပေါက်က ပြန်လစ်ပေါ့ ။

အချစ်စစ် ဆိုတာ
ထာဝစဉ် ပျိုမြစ် ။
အသစ်တွေ ဘယ်လိုကောင်းကောင်း
အဟောင်းကို တလည်လည်ဖြစ်
အဲဒါနုပျိုသစ်နေတဲ့ အချစ်စစ် ။

အများကြီး မချစ်ချင်နေ
မတွေဝေပါနဲ့ ။
သာသာအေးအေး
နည်းနည်းလေး နဲ့
ကြာကြာလေးတော့ ချစ်ပေါ့နော် ။

အကောင်း အဆိုး
အကြောင်းအကျိုးတွေ ဝေဖန်
အကြံဉာဏ် အသစ်တွေနဲ့
အချစ်ကို သိမ်းထုပ်
ထိန်းချုပ်လို့ ရသတဲ့လား ။

လူတိုင်း လူတိုင်း
တုနှိုင်း မရ
ကိုယ့်ဘဝ ထပ်တူ
ချစ်တဲ့ သူကို 
ဖြူဖြူမဲမဲ ချစ်တတ်တာ
အဲဒါ...... အချစ်စစ်ပါ။ 



၂၀၁၁ခုနှစ်လောက်တုန်းက ning ဆိုက်တွေမှာရေးပြီးတင်ခဲ့ဘူးတဲ့ “ကဗျာ မဟုတ်တဲ့ ကဗျာ” အဟောင်းလေးတွေပါ။ ဘလော့ မှာသိမ်းထားချင်တာကြောင့် ပြန်တင်ထားတာပါ။ အချိန်ပေးပြီးဖတ်ပေးသွားတဲ့ သူငယ်ချင်းညီအကို မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ။ 
ရာဇာထွေး

read more

Monday, June 10, 2013

အချစ်ဆိုတာ




အချစ်ဆိုတာ
သင်စရာ မလို
နဂိုဗီဇ
ပါလာကြသမို့
သူတို့လည်းပဲ ချစ်တတ်တယ်။

ရှေးရေစက်ကံ
အကြောင်းဖန်တော့
မြင်ပြန်ခဏ
နေမရဘူး
မချစ်ဖူးလို့ ရူးတော့မယ်။

အချစ်မှာ
မှားတာ မှန်တာ မရှိ။
တရားတာ မတရားတာ မသိ။
အချစ်သာရှိ
ပြည့်စုံ၏။

ချစ်မိပြီဆိုရင်
အပြစ်မတင်
အပြစ်မမြင်
ကိုယ်ထင်ရာ ကိုယ်လုပ်
နောက်မဆုတ်တာ အချစ်။

ချုပ်ချယ်မှုကင်း
ချစ်ခြင်းတရား
တံခါးမပိတ်
သော့မချိတ်ပါ
တိတ်တိတ်လေးသာ ရောက်လို့လာ။

ဆူကြုံနိမ့်မြင့်
အဆင့်အတန်းမခွဲ
ရင်ထဲစွဲနစ်
သတ္တိဖြစ်စေတာ
အချစ်ဆိုတဲ့အရာ။

အချစ်ဆိုတာ
ချောင်းဆိုးဝေဒနာပမာ
ဖုံးကွယ်၍ မရပါ။
သူ့ဘာသာ သူ ဖြစ်တာ
တားမြစ်၍ မလွယ်ပါ။

သူ့မေတ္တာလိုချင်
ကိုယ့်မေတ္တာ အရင်ပေး
ကိုယ် မပေးရင် သူ မပေး
သူ မပေးရင် ကိုယ် မရ
အပေးအယူမျှတမှ အချစ်။

မေတ္တာမပါတဲ့ အချစ်
မကြင်နာ မစာနာတဲ့အချစ်
သ၀န်တို ရန်လိုတဲ့ အချစ်
အပြစ်တင် အပြစ်မြင်တဲ့ အချစ်ဟာ
စင်စစ်တော့ ' မီး ' ပမာ။

အချစ်ကို ရောင်းကုန်ပမာ
ကွန်ပျူတာနဲ့ တွက်
အချက်အလက် ရှာဖွေ
သေချာအောင် အမြတ်ထုတ်
အဲ့ဒါ အချစ် မဟုတ်။

မရခင် မရမှာစိုး
ရပြီးတော့ ဆုံးရှုံးမှာစိုး
အမျိုးမျိုးစိတ်ပူ
ဘယ်သူကူလို့မှ မဖြစ်
အဲ့ဒါ အချစ်။  ။








၂၀၁၁ခုနှစ်လောက်တုန်းက ning ဆိုက်တွေမှာရေးပြီးတင်ခဲ့ဘူးတဲ့ “ကဗျာ မဟုတ်တဲ့ ကဗျာ” အဟောင်းလေးတွေပါ။ ဘလော့ မှာသိမ်းထားချင်တာကြောင့် ပြန်တင်ထားတာပါ။ အချိန်ပေးပြီးဖတ်ပေးသွားတဲ့ သူငယ်ချင်းညီအကို မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ။ 


ရာဇာထွေး
read more

Friday, June 7, 2013

အချစ်ကံဆိုးတာ အဆိုးကံချစ်လို့(စိတ်အားဖြည့်ဓမ္မသံစဉ်)
















၁။ ကြာပန်းလေးလို ကျင့်နေမှာ

ရွှံ့နွံကြားမှာပေါက်ဖွားပေမယ့် ရွှံ့နွံမလိမ်းကျံ မကပ်ငြိတဲ့ကြာကို သူတော်ကောင်းတိုင်း အတုယူသင့်ပါတယ်။

လောကဓံရွှံ့နွံတွေ ကာမဂုဏ်ရွှံ့နွံတွေကိလေသာရွှံ့နွံတွေကြားမှာ ပေါက်ဖွားကြီးပြင်းလာပေမယ့်

အဲဒီရွှံ့နွံတွေနဲ့မလိမ်းကျံ မကပ်ငြိတဲ့ ပုဂ္ဂိုလ်ဟာ သန့်စင်မြင့်မြတ်တဲ့ ကြာလိုလူအစစ်ပါပဲ။



၂။ ရလေလိုလေ

ဒီအရသာလေးကို တစ်ခါလောက် ခံစားခွင့်ရရင်

ကျေနပ်ပါပြီလို့ တောင်းတခဲ့ပေမယ့်

တကယ်လည်းခံစားရရော အကြိမ်ကြိမ်အခါခါ
 
ခံစားချင်စိတ်ဖြစ်လာပါတယ်။

ဆားငန်ရေသောက်ရတဲ့သူဟာ ဘယ်တော့မှ ရေငတ်မပြေဘဲ

သောက်ပြီးရင်း သောက်ချင်ရင်း ဖြစ်နေသလိုပါပဲ။



၃။ အချစ်ဆိုတာ မာရ်နတ်ပါ

အချစ်ဆိုတာ နှလုံးသားနဲ့ ဘဝကို

သတ်ဖြတ်ဖျတ်ဆီးပစ်တတ်တဲ့ မာရ်နတ်တစ်ပါးပါပဲ။

ဖြူစင်သန့်ရှင်း အေးချမ်းကြည်လင်တဲ့ စိတ်ဓာတ်တွေ၊

အကန့်အသတ်မဲ့ ဘဝတိုးတက်မှုတွေကို နှောင့်နှေးရပ်တန့်

ချုပ်ဆုံးသွားစေတဲ့အရသာဟာ အချစ်ပါပဲ။



၎။ အားထုတ်ဖြစ်ဖို့က အဓိက

ရောဂါပျောက်ချင်လို့ တရား အားထုတ်တာလည်းကောင်းပါတယ်။

စီးပွားရေး လူမှုရေး အဆင်ပြေ တိုးတက်ချင်လို့တရား အားထုတ်တာလည်း ကောင်းပါတယ်။

စိတ်ဓာတ်ခိုင်မာငြိမ်းချမ်းပြီး စိတ်နေသဘောထားကြီးကျယ်

မြင့်မြတ်ချင်လို့တရား အားထုတ်တာလည်းကောင်းပါတယ်။

ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းချင်လို့တရား အားထုတ်တာကတော့အကောင်းဆုံးပါပဲ။



၅။ ညာစဉ်နဲ့ပဲ ညားလိမ့်မယ်

တရားကို တရားနဲ့တူအောင် အားမထုတ်ဘဲ

ဟန်ဆောင်ပန်ဆောင် လူအထင်ကြီးအောင်လုပ်နေမယ်

ကမ္မဋ္ဌာန်းဆရာကိုလည်း အမှန်အတိုင်း တရားမလျှောက်ဘဲ

မဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး လျှောက်မယ်ဆိုရင်

အဲဒီယောဂီဟာ ဥာဏ်စဉ်နဲ့ဝေးပြီး

ညာစဉ်နဲ့ပဲ ညားရပါလိမ့်မယ်။



၆။ ဓာတ်ကူးကောင်းမှ ဓာတ်ကောင်းကူးမယ်

မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်ပုဒ်အမည်တိုင်းရဲ့ နောက်ကွယ်မှာ

ကြည်ညိုလေးမြတ်ဖွယ် လိုက်နာတုကျင့်ဖွယ် အဓိပ္ပါယ်အနှစ်တွေက

နက်ရှိုင်းစွာ ကိန်းဝပ်နေတာမို့

ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို အသန့်စင်ဆုံး အမြင့်မြတ်ဆုံး

တည်ဆောက်လိုသူတိုင်း မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေကို

နှလုံးသားထဲမှာ အမြဲတမ်း ဖော်ထုတ်ဆင်ခြင်နေသင့်ပါတယ်။



၇။ ချစ်လေပူလေ

သောကမှန်သမျှချစ်ခြင်းကြောင့်ဖြစ်ရတာပါ။

ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်။

ချစ်စရာဆယ်ခုရှိရင် သောက ဆယ်ခုရှိမယ်။

ချစ်စရာအများကြီး ရှိရင်တော့ သောက အများကြီးရှိမယ်ပေါ့။

သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။

ချစ်ရမယ့်သူ ချစ်ရမယ့်အရာနည်းပါးသွားလေ

သောကမီးလည်းချုပ်ငြိမ်းသွားလေပါပဲ။



၈။ ဘဝမမေ့နဲ့

လူအသက်တစ်ချောင်းဟာ ဝင်လေနဲ့ထွက်လေကြား သို့မဟုတ်

ထွက်လေနဲ့ဝင်လေအကြားမှာပဲရှိတာမို့

ဝင်လေထွက်လေသည်ပင်လျှင် လူတစ်ယောက်ရဲ့ဘဝပါပဲ။

ဝင်လေထွက်လေကို မေ့နေတဲ့သူဟာ ဘဝမေ့နေတဲ့သူဖြစ်ပြီး

ဝင်လေထွက်လေကို မမေ့တဲ့သူဟာ ဘဝမမေ့တဲ့သူပါ။

ဘဝမမေ့တဲ့သူဖြစ်ချင်ရင် ဝင်လေထွက်လေမှာ အမြဲမပြတ် သို့မဟုတ်

မကြာခဏသတိကပ်ထားပြီး သိနေပါ။



၉။ စိတ်ညံ့ရင် သိပ်လန့်တယ်

စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ

ကန်ထရိုက်ဆွဲထားတဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။

စိတ်ချမ်းသာခြင်းကတော့ စိတ်ဓာတ်ခိုင်မာသူတွေရဲ့

မူပိုင်ရတနာထုပ်ကြီး တစ်ခုဖြစ်ပါတယ်။



၁၀။ အချစ်ကံဆိုးတာ အဆိုးကံချစ်လို့

အချစ်ရေး အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ

အချစ်ရေး အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့မကောင်းကံတွေ

အတိတ်ကပြုလုပ်ခဲ့ဖူးလို့ပါ။

သူတစ်ပါးရဲ့ချစ်ခြင်းကိုခွဲခဲ့တဲ့သူ သူတစ်ပါးအိမ်ထောင်ကို

ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး အိမ်ထောင်ရေးမှာ

ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ပါဘူး။




ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။




ရာဇာထွေး
read more

Sunday, June 2, 2013

ရတနာလူသား(စိတ်အားဖြည့်ဓမ္မသံစဉ်)
















၁။ ရတနာလူသား

လူသားအများစုက လူဝတ်ကြောင်ဖြစ်တွေဖြစ်ပြီး၊

လူသားအနည်းစုကသာ ရဟန်းတော်တွေဖြစ်ကြပါတယ်။

လောကမှာ ရတနာဆိုတာ ရှားလည်းရှားပါးပါတယ်။

လူတိုင်းလည်းပိုင်ဆိုင်ခွင့်မရပါဘူး။

လူနည်းစုသာခံယူနိုင်တဲ့ ရဟန်းဘဝဆိုတာ တကယ်တော့

ရတနာထိုက်တဲ့ ဘဝပါပဲ။



၂။ ကျေးဇူးပဲ အချစ်ရေ

ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု မြတ်နိုးသူရဲ့ သစ္စာကင်းမှုဟာ

စိတ်ထားတတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့

ဘဝလွတ်မြောက်မှုဆုလာဘ်ကြီးပါပဲ။

အသုံးချတတ်သူတစ်ယောက်အတွက်

အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ။



၃။ နောက်မဆုတ်နဲ့

ဘယ်လောက်ကောင်းတဲ့ အလုပ်ကိုပဲလုပ်လုပ်

ဆန့်ကျင်ဘက် အဖျက်သမားဆိုတာ ရှိတတ်စမြဲဖြစ်လို့

ဘယ်သူတွေ ဘယ်လိုပဲဖျက်ဖျက် ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကောင်းတွေကို

ဘာအကြောင်းကြောင့်မှ နောက်မဆုတ်ဘဲ

မြန်မြန်ထက်ထက်၊ သွက်သွက်လက်လက်

လုပ်သွားဖို့ အရေးကြီးပါတယ်။



၎။ ဦးခေါင်းလည်းပြောင် စိတ်လည်းပြောင်

အစဉ်ချမ်းမြတဲ့ ရှင်ရဟန်းဘဝလို့ ဆိုရလောက်အောင်ရဟန်းဘဝက

သိပ်ကိုအေးချမ်းလွန်းပါတယ်။

ပိုင်ဆိုင်ဖို့လည်း မတောင့်တရ တည်မြဲဖို့လည်း မကြောင့်ကြရတဲ့အတွက်

စိတ်လွတ်လပ်ပေါ့ပါးပြီး ရှင်းလင်းသန့်စင်နေပါတယ်။

“ရ”တာ “ဟန်” တဲ့ ရဟန်းဘဝ လို့တောင်ဆိုလိုက်ချင်ရဲ့။



၅။ မနိုင်ဝန်မထမ်းပါနဲ့

မနိုင်ဝန်ကို မသပ်မရပ်ထမ်းပြီး စိတ်ပင်ပန်းဆင်းရဲနေမယ့်အစား

ကိုယ်နိုင်တဲ့ ဝန်ကိုသပ်သပ်ရပ်ရပ်ထမ်းပြီး

စိတ်ကျေနပ်ချမ်းသာနေတာက ပိုကောင်းမယ်ထင်တယ်လေ။

ဘယ်ဝန်ကို ကိုယ်ထမ်းနိုင်တယ် မထမ်းနိုင်ဘူးဆိုတာ

ကာယကံရှင်က အသိဆုံးပါ။



၅။ လမင်းလေးလိုကျင့်နေမှာ

လမင်းကြီးရဲ့ ဘဝကို သိပ်အားကျတယ်။

လမင်းကြီးဟာ လောကလူသားတွေကို အအေးဓာတ်နဲ့အလင်းဓာတ်ကို ပေးပြီး ကျေးဇူးပြုတယ်။

ဒါပေမယ့် လောကလူသားတွေနဲ့ လိမ်းကျံကပ်ငြိခြင်းမရှိဘူး။

ဝေးဝေးမှာပဲ သီးသန့်နေတယ်၊ မေတ္တာအအေးဓာတ်နဲ့ အသိဥာဏ် အလင်းဓာတ်ပေးပြီး

ဝေးဝေးကနေ ကျေးဇူးပြုနေတဲ့လူသားလမင်းဘဝမျိုးကို ပိုပြီးလိုလားပါတယ်။



၆။ ချက်ချင်းထလုပ်

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း

မြန်မြန်သွက်သွက်ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။

အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲနေမယ်ဆိုရင် မလုပ်ဖြစ်တော့ဘဲ

လွဲချော်သွားတတ်ပါတယ်။



၇။ ကြိုးတုပ်ရင် အကျိုးယုတ်မယ်

အများနဲ့ရောနှောပြီး နေရင်ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်ဖို့ သိပ်မလွယ်ဘူး။

အများအားဖြင့် သူများစိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်နေရတာများတယ်။

အားနာမှုတွေ ငဲ့ညှာထောက်ထားမှုတွေနဲ့ ဘဝဟာလွပ်လပ်မှု မရှိတော့ဘူး။

သူများဆန္ဒကိုဖြည့်ဖြည့်ပေးနေရတာနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်ဆန္ဒတွေဟာ

တဖြည်းဖြည်းနဲ့နောက်ကို ရောက်ရောက်သွားရတယ်။



၈။ စိတ်ကိုသတ်တာ ကိလေသာ

မာရ်နတ်ရဲ့ အန္တရာယ်ထက်

မာရ်စိတ်(ကိလေသာစိတ်)ရဲ့ အန္တရာယ်က ပိုပြီးကြောက်စရာကောင်းတာမို့

မာရ်နတ်ကိုတွန်းလှန်နိုင်ဖို့ထက် မာရ်စိတ်ကိုတွန်းဖြိုနိုင်ဖို့ကပိုပြီးအရေးကြီးပါတယ်။



၉။ အစားရွေးတိုင်း ကုသိုလ်မရ

အစားအစာကတော့ သူ့ချည်းသက်သက်

ကုသိုလ်စိတ်ဖြစ်အောင်လည်း မစွမ်းဆောင်နိုင်သလို

အကုသိုလ်စိတ်ဖြစ်အောင်လည်း မဖန်တီးနိုင်ပါဘူး။

သက်သက်လွတ်အစားအစာကို စားလိုက်လို့ အလိုလိုနေရင်း

ကုသိုလ်တွေရမသွားနိုင်သလို အသားငါးအစားအစာကို

စားလိုက်လို့လည်း အလကားနေရင်း

အကုသိုလ်တွေဖြစ်မသွားနိုင်ပါဘူး။





ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။




ရာဇာထွေး
read more

Wednesday, May 29, 2013

တခါတုန်းကမြန်မာပြည်- ၁၉

ပုံ၁၄၀...။ တချိန်ကကမ်းနားလမ်း


ပုံ၁၄၁...။ တချိန်ကဆူးလေဘုရားအနီး


 
ပုံ၁၄၂...။ တချိန်ကပန်းဆိုးတန်းလမ်း


ပုံ၁၄၃...။ ရန်ကုန်ဆိပ်ကမ်းသို့ မော်လမြိုင်သင်္ဘောဆိုက်ကပ်လာစဉ်

ပုံ ၁၄၄...။ တချိန်ကဆူးလေစေတီတော်


ပုံ၁၄၅...။ တချိန်ကလှေပြိုင်ပွဲ


ပုံ၁၄၆...။ တချိန်ကရွေတိဂုံဝန်းကျင်ရှိဘုန်းတော်ကြီးကျောင်းများ


ပုံ၁၄၇...။ တချိန်က ရန်ကုန်ဆိပ်ကမ်း


ပုံ၁၄၈...။ တချိန်ကရွေတိဂုံဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ


ပုံ၁၄၉...။ တချိန်က ဆူးလေစေတီတော်


ပုံ၁၅၀...။ တချိန်က ကုန်သည်လမ်း 

credit-   burmadailynews.co.cc  



ရှေးဟောင်းဓါတ်ပုံလေးကို ကျွန်တော့်ရဲ့ဘလော့မှာသိမ်းထားချင်တာကြောင့် burmadailynews မှခွင့်တောင်းပြီး ပုံဟောင်းလေးများကိုစုဆောင်း တင်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ ဒီပုံလေးများကိုကြိုက်နှစ်သက်သလို ပြန်လည်မျှဝေနိုင်ပါ တယ်ခင်ဗျာ။ ပုံလေးများကိုကူးယူအသုံးပြုရာတွင် မူရင်းဆိုက်ဖြစ်တဲ့ burmadailynews ကို credit ပေးပါရန်မေတ္တာရပ် ခံပါတယ်ခင်ဗျာ..။


ရာဇာထွေး 
read more

Saturday, May 25, 2013

ဘာသာရေးသည် လူ့အဆင့်အတန်း(စိတ်အားဖြည့်ဓမ္မသံစဉ်)
















၁။ ဆိုင်သာဆိုင်မပိုင်တဲ့ဘဝ

ကိုယ်သိပ်ချစ်ရတဲ့သူ ကိုယ်သိပ်ချစ်တဲ့အရာတွေနဲ့

အချိန်တိုင်းထိတွေ့ ခံစားခွင့်မရတဲ့အတွက်

ဘယ်သူ၊ ဘယ်အရာကိုမှ ကိုယ်တကယ်မပိုင်ပါဘူး

သေသည်ဖြစ်ဖြစ်၊ မသေသည်ဖြစ်ဖြစ်

ကိုယ်ပိုင်တာဘာမှမရှိပါလား။



၂။ တာဝန်

သံသရာခရီးရှည်ကြီးကို တစ်ယောက်တည်းလျှောက်လှမ်းလို့

ရတာမဟုတ်တော့လည်း အပေါင်းအဖော်မိတ်ဆွေဆိုတာတွေနဲ့

မလွဲမသွေဆုံးစည်းကြရမှာပါပဲ။

တွေ့ခိုက် ဆုံခိုက်လက်တွဲခိုက်မှာ သံယောဇဉ်မပါတဲ့

မေတ္တာစိတ်သန့်သန့်လေးနဲ့ သူ့တာဝန်ကိုယ့်တာဝန်ကျေပွန်စွာ

ချစ်ခင်ကြင်နာလိုက်ကြမယ်ဆိုရင် ဘဝခရီးဖော်တွေနဲ့

မလွှဲမရှောင်သာလမ်းခွဲကြရတဲ့အခါ

ဝမ်းနည်းပူပန်နေစရာမလိုတော့ပါဘူး။



၃။ လေနှင်ရာမှာပျော်အောင်နေ

မြစ်ပြင်ထဲကဗေဒါပင်တွေဟာ လေကြောင့်ပဲပေါင်းဆုံကြသလို

လေကြောင့်ပဲ ကွဲကွာသွားကြပါတယ်။

သံသရာမြစ်ပြင်ထဲက လူသားတွေဟာလည်း

ကံကြောင့်ပဲဆုံစည်းခွင့်ရကြသလို

ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ်။

ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့။

လမ်းခွဲမှာ ဝမ်းနည်းစရာ မလိုပါဘူးလေ။



၎။ နှောင်တွယ်ရင် ချောင်ကွယ်မှာ ငိုရမယ်

နှုတ်ဆက်ထွက်ခွာသွားသူနဲ့ လက်ပြကျန်ရစ်ခဲ့သူ ဘယ်သူပိုဝမ်းနည်းရပါသလဲ။

ထွက်ခွာသွားသူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ။

ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ။

နှစ်ယောက်လုံး ညီတူသံယောဇဉ်ကြီးရင်တော့

နှစ်ယောက်လုံးညီတူ ဝမ်းနည်းရမှာပေါ့။

လမ်းခွဲမှာ ဝမ်းနည်းစရာမလိုအောင် သံယောဇဉ်နှောင်ကြိုးတွေကို

အတတ်နိုင်ဆုံးဖြေလျှော့လိုက်ကြပါစို့လားကွယ်။



၅။ မာရသွန်ကုသိုလ်

ရဟန်းဘဝက လူ့ဘဝထက် ကုသိုလ်အရပိုများတယ်။

နိဗ္ဗာန်အရောက်ပိုမြန်တယ်။

ကုသိုလ်ပိုများများရဖို့ နိဗ္ဗာန်ပိုမြန်မြန်ရောက်ဖို့

ရည်ရွယ်ချက်နှစ်မျိုးနဲ့ ရဟန်းပြုကြရတာပါ။



၆။ သူဌေးတိုင်း လူချမ်းသာမဟုတ်

လောကချမ်းသာ ဘယ်လောက်ပဲရှိရှိ ဓမ္မချမ်းသာ မရှိသေးသမျှ ချမ်းသာမပြည့်စုံသေးပါဘူး။

နိဗ္ဗာန်ချမ်းသာဆိုတဲ့ လမ်းဆုံးချမ်းသာကို အပြီးတိုင်မရသေးသမျှတော့ လူတစ်ယောက်ရဲ့ဘဝဟာ

လိုအပ်ချက်တွေနဲ့ လျော့နေဟာနေမှာပါပဲ။



၇။ သူ့အားကိုးရင် ကိုယ်အားညှိုးတယ်

ကိုယ်လိုချင်တဲ့ ပျော်ရွှင်မှု ကိုယ်ရချင်တဲ့သာယာမှုက

သူတစ်ပါးနဲ့ဆက်စပ်နေရင် ကိုယ်ပဲစိတ်အားငယ်နေရမှာပါ။

ကိုယ့်ဆန္ဒ၊ကိုယ့်မျှော်လင့်ချက်ကို တစ်ဖက်သားပုဂ္ဂိုလ်က

အချိန်တိုင်းဖြည့်ဆည်းပေးနိုင်တာမှ မဟုတ်ဘဲ။



၈။ မြေခံရေခံကောင်းပါစေ

လူဝတ်ကြောင် တစ်ယောက်အနေနဲ့ ရဟန်းတစ်ပါးရဲ့ သီလကုသိုလ်ကို ဘယ်လိုနည်းနဲ့မှလိုက်မမီနိုင်ပါဘူး။

သီလကုသိုလ်ဆိုတာ ကုသိုလ်အားလုံးရဲ့ အမာခံမြေကြီးနဲ့တူတဲ့အတွက် ကြီးကျယ်တဲ့သီလမြေပေါ်မှာ

ရပ်တည်ပြီးပြုလိုက်တဲ့ ဒါနကုသိုလ်ကလည်းပိုပြီး အရည်အသွေးပြည့်ဝပါတယ်။

ဘာဝနာကုသိုလ်ကလည်း ပိုပြီးအဆင့်အတန်းမြင့်ပါတယ်။



၉။ လမ်းဆက်လျှောက်ပါ

ရဟန္တာပုဂ္ဂိုလ်ကလွဲရင် အချိန်တိုင်း စိတ်ချမ်းသာနေတဲ့သူ တစ်ဦးတစ်ယောက်မှမရှိပါဘူး။

ရဟန္တာမဖြစ်သေးဘဲနဲ့ငါစိတ်ချမ်းသာလိုက်တာလို့ ကျေနပ်ရောင်ရဲမနေဖို့ မြတ်စွာဘုရားမိန့်ကြားတော်မူပါတယ်။

ကိလေသာမကုန်သေးသမျှတော့ စိတ်ဆင်းရဲချိန်ဆိုတာရှိနေဦးမှာပါပဲ။



၁၀။ ဘာသာရေးသည် လူ့အဆင့်အတန်း

ဘာသာရေးဆိုတာ အဆင့်အတန်းရှိတဲ့ လူသားတိုင်း အဆင့်အတန်းရှိလိုတဲ့

လူသားတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။

ဘာသာရေးကိုလုံးဝပစ်ပယ်ထားတဲ့သူလုံးဝမပစ်ပယ်တောင်မှအလေးအနက်မထားတဲ့သူဟာ

ဘယ်လိုနည်းနဲ့မှအဆင့်အတန်းရှိတဲ့လူတစ်ယောက်၊ကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။




မှတ်ချက်။      ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံစဉ်)စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)



ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။


ရာဇာထွေး
read more

Wednesday, May 22, 2013

ဗေဒါလမ်း (၁) မယ့်လမ်းပါလား


  မယ့်လမ်းပါလား

ပန်းနီလာ၊ ဗေဒါဆင်သလို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ၊ တန်းစီလို့လေး ။

အိုအချင်း... ကျူရိုးရှင်
မဗေဒါပြာလဲ့လမ်း၊ ကမ်းကပ်မယ်ပြင်
စံပယ်လှပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့၊ သူစံရာ သူပျော်မွေ့
ပြေးတွေ့ချင်စမ်း ….. တဲ့။

တွေ့ချင်တဲ့စေတနာရယ်
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာကဝတ်ရည်သယ်၊ စံပယ်ကမအား
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း... ကျူရိုးရှင်
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျိုခင်ရဲ့အနွဲ့
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ၊ ပြုံးကြည့်ချင်ငဲ့ .. တဲ့။

ကြည့်ချင်တဲ့စေတနာရယ်
သနားဘွယ် ချစ်ဘွယ်တေးပေမို့
အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့၊ မြစ်ရိုးကအပြာချယ်ကို
ပျို့နယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း … ကျူရိုးရှင်
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်
ကွင်းပြင်ကဘုရား။
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ ဖူးချင်လျက်သား …. တဲ့။

ဖူးချင်တဲ့စေတနာရယ်
နိဗ္ဗိန္နာ ဂီတာတေးပေမို့
အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့အရ
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေကဖောင်၊ တောင်လေကသွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊
အားစိုက်ပါလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)



မှတ်ချက်။  ။ နှစ်သက်မိသော ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။


ရာဇာထွေး
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...

သူငယ်ချင်း၊ မိတ်ဆွေများ