“ ဒီဘလော့လေးကို အစမ်းသဘောလေးသာ ပြုလုပ်ထားခြင်းဖြစ်ပါသည်... မျက်စိလည်လမ်းမှားပြီး ရောက်လာကြတဲ့ အွန်လိုင်းပေါ်မှ ညီအကို မောင်နှမများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ....

Thursday, June 13, 2013

အချစ်စစ်



အပြစ်တင် အပြစ်မြင်လျှင်
အချစ်စစ် မထင် ။
အပြစ်မမြင် အပြစ်မတင်မှ
ချစ်ခင် ကြင်နာသူ အစစ်
အဲဒါ အချစ် ။

အခက်အခဲမရှိတဲ့ အချစ်
အစစ် မဟုတ်သေး ။
ဒုက္ခလေးတွေ တန်းစီ
ကြုံတွေ့ပြီဆိုတော့မှ
ဟုတ်ပ ဟုတ်ပ ဒုက္ခ အချစ် ။

အချစ်စစ်ဆိုတာ
မနာလိုဝန်တို
ငြိုငြင် စိတ်ကောက် ပေါ့
ချော့တော့လည်း စိတ်ပြေသွား 
ပျော်စရာလေးတွေ များလား ။ 

မချစ်ခင်က ခင်မင်
ခင်မင်ပြီးမှ ရင်းနှီး
ရင်းနှီးပြီး ကြွမ်းချစ်
သံယောဇဉ် ဖြစ်မှတော့
ခင်မင်မှုဆိုတာ မလိုတော့ဘူးပေါ့ ။

ယုံကြည်အားကိုးမှု့ နည်းလျှင်
အချစ်လည်း ပျောက်ပျက်
မျှော်လင့်ချက်လည်း ဆုံးရှုံး
အမုန်းတံခါးခေါက်လို့
နောက်တစ်ယောက် အဆင်သင့် ။ 

တံခါးမကြီးက ၀င်လာတဲ့အချစ်
အပြစ်တွေ မြင်လာတဲ့အခါ
အကြင်နာတွေ ပျက်ပြယ်
မုန်းတယ် မုန်းတယ်ဖြစ်
မလွယ်ပေါက်က ပြန်လစ်ပေါ့ ။

အချစ်စစ် ဆိုတာ
ထာဝစဉ် ပျိုမြစ် ။
အသစ်တွေ ဘယ်လိုကောင်းကောင်း
အဟောင်းကို တလည်လည်ဖြစ်
အဲဒါနုပျိုသစ်နေတဲ့ အချစ်စစ် ။

အများကြီး မချစ်ချင်နေ
မတွေဝေပါနဲ့ ။
သာသာအေးအေး
နည်းနည်းလေး နဲ့
ကြာကြာလေးတော့ ချစ်ပေါ့နော် ။

အကောင်း အဆိုး
အကြောင်းအကျိုးတွေ ဝေဖန်
အကြံဉာဏ် အသစ်တွေနဲ့
အချစ်ကို သိမ်းထုပ်
ထိန်းချုပ်လို့ ရသတဲ့လား ။

လူတိုင်း လူတိုင်း
တုနှိုင်း မရ
ကိုယ့်ဘဝ ထပ်တူ
ချစ်တဲ့ သူကို 
ဖြူဖြူမဲမဲ ချစ်တတ်တာ
အဲဒါ...... အချစ်စစ်ပါ။ 



၂၀၁၁ခုနှစ်လောက်တုန်းက ning ဆိုက်တွေမှာရေးပြီးတင်ခဲ့ဘူးတဲ့ “ကဗျာ မဟုတ်တဲ့ ကဗျာ” အဟောင်းလေးတွေပါ။ ဘလော့ မှာသိမ်းထားချင်တာကြောင့် ပြန်တင်ထားတာပါ။ အချိန်ပေးပြီးဖတ်ပေးသွားတဲ့ သူငယ်ချင်းညီအကို မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ။ 
ရာဇာထွေး

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...

သူငယ်ချင်း၊ မိတ်ဆွေများ