“ ဒီဘလော့လေးကို အစမ်းသဘောလေးသာ ပြုလုပ်ထားခြင်းဖြစ်ပါသည်... မျက်စိလည်လမ်းမှားပြီး ရောက်လာကြတဲ့ အွန်လိုင်းပေါ်မှ ညီအကို မောင်နှမများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ....

Friday, October 19, 2012

ခင်မ



စာမရေးတာလည်းကြာပါပြီ။ ကိုယ့်အပူနဲ့ ကိုယ်မို့စိတ်ညစ်ညစ်နဲ့ ဘလော့ထဲမရောက်တာလည်း တစ်လလောက်ရှိသွားပါပြီ။ “စိတ်ထောင်းတော့ကိုယ်ကြေ” ဆိုတဲ့စကား အတိုင်းကျွန်တော်လည်းစိတ် ထောင်းတဲ့ဒဏ်တော်တော်လေးခံလိုက်ရလို့ အခုမှနလံပြန်ထနိုင်တာဆိုလည်း မမှားပါဘူး ခင်ဗျား)။
“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးနောင်ပြင်ရန်ခက်တဲ့အမျိုး” လို့ရှေးလူ ကြီးသူ မများက အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်လို့အင်မတန်မှ အရေးကြီးကြောင်း၊ ပြုလုပ်ပြီးသွားရင် ပြန်ပြင်ရန်မလွယ်ကူတဲ့ အကြောင်းကိုအခုလို ဆုံးမပြောဆိုထားတာကို အားလုံးကြားဘူး၊ မှတ်သား ကြဘူးမှာပါ။ မိန်းကလေးတစ်ယောက်အတွက် ဘ၀နဲ့ ပတ်သက်ပြီးဆုံးဖြတ်ရာမှာ အင်မတန်မှ အရေးကြီးသလို ယောက်ျားလေးများအတွက်လည်း အင်မတန်မှ အရေးကြီးလှပါတယ်။ လွယ်လွယ် လို့သဘောထားလိုက်မယ်ဆိုရင် “အငိုလွယ်သလောက် အရှိုက်ခက်” ပါလိမ့်မယ်။ အထူးသဖြင့် မိန်းမ သား(ညီမငယ်)များအတွက် ပိုပြီးအလေးထားဂရုပြုသင့်ပါတယ်။ အမိ၊ အဖ၊ ညီအကိုမောင်နှများရဲ့ အုပ်ထိန်းမှုအောက်ကနေကင်းကွာနေတဲ့ မိန်းမသားတွေအနေနဲ့ ပိုလို့တောင်သတိပြု ဆင်ခြင်သင့် ပါတယ်။ “ အသွင်တူ အိမ်သူဖြစ် ” ဆိုတဲ့ မြန်မာစကားပုံ ရှိပေမယ့် အသွင်မတူပဲအိမ်သူဖြစ်ပြီး “အရှိုက်ခက်” နေတဲ့သူတွေ၊ နေ့စဉ်ရက်ဆက်မျက်ရည်နဲ့ မျက်ခွက်လင်ယောက်ျားရဲ့ ညှဉ်းပန်းနှိပ် စက်ခြင်းကိုခံနေတဲ့ သူတွေဟာလည်း “ဒုနဲ့ ဒေး” ပါ။ ဥပမာ ခင်မ လို့ခေါ်တဲ့ ညီမလေးတစ်ယောက် လိုပေါ့ခင်ဗျာ…….

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...

သူငယ်ချင်း၊ မိတ်ဆွေများ