“ ဒီဘလော့လေးကို အစမ်းသဘောလေးသာ ပြုလုပ်ထားခြင်းဖြစ်ပါသည်... မျက်စိလည်လမ်းမှားပြီး ရောက်လာကြတဲ့ အွန်လိုင်းပေါ်မှ ညီအကို မောင်နှမများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ....

Monday, June 10, 2013

အချစ်ဆိုတာ




အချစ်ဆိုတာ
သင်စရာ မလို
နဂိုဗီဇ
ပါလာကြသမို့
သူတို့လည်းပဲ ချစ်တတ်တယ်။

ရှေးရေစက်ကံ
အကြောင်းဖန်တော့
မြင်ပြန်ခဏ
နေမရဘူး
မချစ်ဖူးလို့ ရူးတော့မယ်။

အချစ်မှာ
မှားတာ မှန်တာ မရှိ။
တရားတာ မတရားတာ မသိ။
အချစ်သာရှိ
ပြည့်စုံ၏။

ချစ်မိပြီဆိုရင်
အပြစ်မတင်
အပြစ်မမြင်
ကိုယ်ထင်ရာ ကိုယ်လုပ်
နောက်မဆုတ်တာ အချစ်။

ချုပ်ချယ်မှုကင်း
ချစ်ခြင်းတရား
တံခါးမပိတ်
သော့မချိတ်ပါ
တိတ်တိတ်လေးသာ ရောက်လို့လာ။

ဆူကြုံနိမ့်မြင့်
အဆင့်အတန်းမခွဲ
ရင်ထဲစွဲနစ်
သတ္တိဖြစ်စေတာ
အချစ်ဆိုတဲ့အရာ။

အချစ်ဆိုတာ
ချောင်းဆိုးဝေဒနာပမာ
ဖုံးကွယ်၍ မရပါ။
သူ့ဘာသာ သူ ဖြစ်တာ
တားမြစ်၍ မလွယ်ပါ။

သူ့မေတ္တာလိုချင်
ကိုယ့်မေတ္တာ အရင်ပေး
ကိုယ် မပေးရင် သူ မပေး
သူ မပေးရင် ကိုယ် မရ
အပေးအယူမျှတမှ အချစ်။

မေတ္တာမပါတဲ့ အချစ်
မကြင်နာ မစာနာတဲ့အချစ်
သ၀န်တို ရန်လိုတဲ့ အချစ်
အပြစ်တင် အပြစ်မြင်တဲ့ အချစ်ဟာ
စင်စစ်တော့ ' မီး ' ပမာ။

အချစ်ကို ရောင်းကုန်ပမာ
ကွန်ပျူတာနဲ့ တွက်
အချက်အလက် ရှာဖွေ
သေချာအောင် အမြတ်ထုတ်
အဲ့ဒါ အချစ် မဟုတ်။

မရခင် မရမှာစိုး
ရပြီးတော့ ဆုံးရှုံးမှာစိုး
အမျိုးမျိုးစိတ်ပူ
ဘယ်သူကူလို့မှ မဖြစ်
အဲ့ဒါ အချစ်။  ။








၂၀၁၁ခုနှစ်လောက်တုန်းက ning ဆိုက်တွေမှာရေးပြီးတင်ခဲ့ဘူးတဲ့ “ကဗျာ မဟုတ်တဲ့ ကဗျာ” အဟောင်းလေးတွေပါ။ ဘလော့ မှာသိမ်းထားချင်တာကြောင့် ပြန်တင်ထားတာပါ။ အချိန်ပေးပြီးဖတ်ပေးသွားတဲ့ သူငယ်ချင်းညီအကို မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ။ 


ရာဇာထွေး

7 comments:

  1. အချစ် အကြောင်းလေး ဖတ်သွားတယ်ရှင်
    တကယ်လေးနက်ပါတယ်
    သမီးတော်လဲ အချစ်ကဗျာလေးတွေတင်ဖူးတယ်
    ဘလော့က သူများလှူတာဆိုတော့ ဘာသာရေးပဲတင်ထားချင်တော့တာနဲ့
    ကဗျာတွေ အကုန် ဖျက်ချလိုက်တာ
    အချစ်ကဗျာလေးတွေလဲ ခံစားရေးဖွဲ့ ဖူးတယ်

    ReplyDelete
  2. မေတ္တာမပါတဲ့ အချစ်
    မကြင်နာ မစာနာတဲ့အချစ်
    သ၀န်တို ရန်လိုတဲ့ အချစ်
    အပြစ်တင် အပြစ်မြင်တဲ့ အချစ်ဟာ
    စင်စစ်တော့ ' မီး ' ပမာ

    မှန်လိုက်တာဗျာ... အားပေးသွားပါတယ် ကိုရာဇာထွေးရေ..

    ReplyDelete
  3. အချစ်ဆိုတာ......
    မရခင် မရမှာစိုး
    ရပြီးတော့ ဆုံးရှုံးမှာစိုး
    အမျိုးမျိုးစိတ်ပူ
    ဘယ်သူကူလို့မှ မဖြစ်
    အဲ့ဒါ အချစ်။ ။ မှန်လိုက်တာနော်............အားပေးသွားပါတယ်ရှင်.....။

    အမြဲတမ်းအားပေးနေတဲ့ပရိတ်သတ်တဦးပါ.......ကိုရာဇာထွေးရေ............

    ReplyDelete
  4. အချစ်အကြောင်းမှတ်သွားပါတယ်း)

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...

သူငယ်ချင်း၊ မိတ်ဆွေများ